Sunday, July 17, 2011

ဂဠုန်ဦးစော ဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံရသည့် ရည်ရွယ်ချက်များ

ဂဠုန်ဦးစော ဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံရသည့် ရည်ရွယ်ချက်များ

(၁) ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများအား သုတ်သင်ရရှင်းလင်းပါက ဖဆပလစည်းလုံးရေး ပြိုကွဲသွား မည်ဟု ထင်မြင်ခဲ့ခြင်း၊

(၂) ဖဆပလပြိုကွဲလျှင် ဖဆပလခေါင်းဆောင်များသည် လူထုအပေါ် ဩဇာရှိတော့မည်မဟုတ်ဟု ထင်မြင်ခဲ့ခြင်း၊
(၃) ဗိုလ်ချုပ်အောင်ဆန်းကျဆုံလျှင် ဘုရင်ခံက မျိုးချစ်ပါတီကို အာဏာအပ်လာလိမ့်မည်ဟု ထင်မြင်ခဲ့ခြင်း၊
(၄) မျိုးချစ်ပါတီအာဏာရလျှင် မြန်မာပြည်ကို ဦးစောစိတ်တိုင်းကျ အုပ်ချုပ်နိုင်မည်ဟု ထင်မြင်ခဲ့ခြင်း၊

ဗြိတိသျှတို့က ဦးစောအား ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံသတ်ဖြတ်ရန် အားပေးကူညီရခြင်း ရည်ရွယ်ချက်

(၁) ဗိုလ်ချုပ်အောင်ဆန်းသည် လူထုအား စည်းလုံးညီညွတ်စွာ စည်းရုံးနိုင်သည့် ခေါင်းဆောင်ဖြစ်သောကြောင့်မြန်မာ တပြည်လုံး စည်းလုံးညီညွတ်သွားမည်ကို စိုးရိမ်ခဲ့ခြင်း၊
(၂) ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြန်လည်စည်လုံပြီး ညီညွတ်မှုတည်ဆောက်သွားမည်ကို စိုးရိမ်ခဲ့ခြင်း၊
(၃) ဗိုလ်ချုပ်အောင်ဆန်းကိုသာဖယ်ရှားနိုင်ပါက ခေါင်းဆောင်အချင်းချင်း စိတ်ဝမ်းကွဲကာ ဗြိတိသျှတို့အဖို့ မြန်မာပြည် ကိုကွယ်ကူအောင်မြင်စွာ ကိုင်တွယ်လိမ့်မည်ဟု ထင်မြင်ခဲ့ခြင်း၊
(၄) ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှအစိုးရ၏အုပ်စိုးမှုကို လက်နက်ကိုင်တိုက်ပွဲပြီး လွတ်လပ်ရေးရရှိစေရန် ကြိုးပမ်း ခဲ့သော ပုဂ္ဂိုလ်ဖြစ်သောကြာင့် နောင်တွင်ဤကဲ့သို့အဖြစ်မျိုး ဗြိတိသျှအင်ယာ၌ မပေါ်ရဲအောင်လက်စားချေဆုံးမရန် အတွက်ဖြစ်ခြင်း၊
(၅) ဂဠုန်ဦးစော၏ မျိုးချစ်ပါတီအား လက်နက်တပ်ဆင်ပေးလိုက်ပါက ပြည်တွင်းစစ်မီးတောက်လောက်လာလိမ့်မည် ဟု ထင်မြင်ခဲ့ခြင်း၊

မြန်မာနိုင်ငံစစ်အာဏာရှင်များ အာဇာနည်နေ့ကို မှေးမှန်အောင် လုပ်ဆောင်နေသည့်ရည်ရွယ်ချက်၊

(၁) ဗိုလ်ချုပ်အောင်ဆန်းသည် လူထုတရပ်လုံးအား စုစည်း၍ လွတ်လပ်ရေးကို အရယူပေးခဲ့သည့် အမျိုးသား ခေါင်းဆောင်ကြီးဖြစ်သကဲ့သို့ ၎င်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း လူထုအားဦးဆောင်ကာ ဒီမိုကရေစီ နိုင်ငံတော်တည်ထောင်သွားမည်ကို မလိုလားခြင်း၊
(၂) မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်အခြေတည်သွားကာ စစ်မှန်သောအုပ်ချုပ်ရေး ဥပဒေပြုရေး၊ တရားရေးမဏ္ဍိုင်ကြီး (၃) ပေါ်ထွန်းလာပါက စစ်အာဏာရှင်များကျူးလွန်ခဲ့သော ၊ ကျူးလွန်နေဆဲဖြစ်သောပစ်မှုများ ကိုတန်ပြန် အရးယူမည်ကို စိုးရိမ်နေခြင်း၊
(၃) ပြည်သူလူထုတရပ်လုံး စုစည်းနိုင်မည့် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကိုဖယ်ရှားနိုင်ပါက မြန်မာနိုင်ငံကို စစ်အစိုးရအနေဖြင့် ဆက်လက်ကြိုးကိုင်နိုင်မည်ဟု ထင်မြင်နေခြင်း၊
(၄) အာဇာနည်ခေါင်းဆောင်၏ရင်သွေးများနှင့် လူငယ်ခေါင်းဆောင်များသည် လက်ရှိစစ်အာဏာရှင်အစိုးရ၏ စစ် အမြင်၊ စစ်ရပ်တည်မှု၊ စစ်အာဏာရှင်တည်တံ့ခိုင်မြဲရေးကို ဆန့်ကျင်တိုက်ခိုင်နေသည့် လူထုခေါင်းဆောင်များဖြစ်နေ ခြင်း၊
(၅) အာဇာနည်ခေါင်းဆောင်များ၏ဂုဏ်ကျေးဇူးနှင့်ကိုယ်ကျိုးစွန့်ဆောင်ရွက်ချက်များကို ဂုဏ်ပြုနေသည့် အနေဖြင့် ကျင်းပခဲ့သော အာဇာနည်နေ့ကို ဆက်လက်အမွှန်းတင်နေပါက လူငယ်များအား အာဇာနည်စိတ်ဓာတ်၊ မျိုးချစ်စိတ် ဓာတ်၊ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်များ ရှင်သန်စေရန်အားပေးသကဲ့သို့ဖြစ်နေခြင်း၊ 
 ( ကိုသန်းဝင်းလှိုင်- မြန်မာ့အောင်ဆန်းမှ)     Posted by Nyan Min 

No comments: