Tuesday, October 25, 2011

ချိုကျိုးနွားလား ဒွန်းစဏ္ဍား နဲ့ ခေတ်သစ်လောက်ဖျားများ ( ကျော်သန်း)


                                    ချိုကျိုးနွားလား ဒွန်းစဏ္ဍား နဲ့ ခေတ်သစ်လောက်ဖျားများ


လောက်ဖျားဆိုလို့ မွန်ရာဇဝင်လာ မြောင်းမြစား လောက်ဖျားအကြောင်း ပြောမလို့မဟုတ်ပါ။ သစ္စာဖောက်လောက်ကောင်လို့ တင်စားခဲ့ရတဲ့ လောက်တွေတောင် ကြားရင် ဖြုံသွား၊ ဖျားသွား လောက်တဲ့ ကျုပ်တို့ တော်လှန်ရေးထဲက ဖောက်ပြန်နိုင်လွန်း၊ စားဝါးနိုင်လွန်း၊ ကိုယ်မှီခိုရာကို ကိုယ်ဖျက်ဆီးနိုင်လွန်း တဲ့ လောက်ဖျားတွေအကြောင်း ပြောမလို့ပါ။
ဗမာစကားမှာ “ငါးပိနဲ့ လောက် စိန်နဲ့ ကျောက်”လို့ ဆိုရိုးစကားတခုရှိတယ်။ အကောင်းထဲမှာ အဆိုး၊ အဆိုးထဲမှာ အကောင်းရှိတတ်တာကို ရည်ညွန်းပြီး ဆိုတာပါ။ အဆိုးနဲ့အကောင်း ဒွန်တွဲ ရှိတတ်တဲ့ လောကဓမ္မ သဘာဝကို ဖော်ပြတာလို့လည်း ပြောနိုင်ပါတယ်။

Friday, October 14, 2011

ရဲဘော်အောင်ကျော်စိုး ( သို့ မဟုတ်) သံမဏီခွပ်ဒေါင်း

ရဲဘော်အောင်ကျော်စိုး ( မြန်မာ နိင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ) ပြန်လည်လွတ်မြောက်လာမှု အားလှိုက်လှဲစွာ
ဂုဏ်ပြုကြိုဆိုပါသည်။




ချင်းမိုင် (မဇ္ဈိမ) ။ ။ အင်းစိန်ထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် ကြာသာပတေးနေ့က လွတ်မြောက်လာသူများထဲတွင် လူသတ်မှု၊ လက်နက်မှု၊ မတရားအသင်းနှင့် ဆက်သွယ်မှုတို့ဖြင့် သေဒဏ် ကျခံနေရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း ၃၀၃ (ဝှေစေတီစခန်း) တွဲဖက် အတွင်းရေးမှူး- ၁ ကိုအောင်ကျော်စိုး ခေါ် ဖိုးခွားလည်း ပါသည်။