Wednesday, September 17, 2008

ရွှေတိဂုံတွင် သံဃာတော်တပါး အဆုံးစီရင်ရန် ကြိုးပမ်း၊

(အေပီ)
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008 22:39 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ရွှေတိဂုံ ရင်ပြင်ပေါ်တွင် သံဃာတော်တပါး ဗုဒ္ဓဟူးနေ့က မိမိကိုယ်ကို အဆုံးစီရင်ရန် ကြံစည်ကြောင်း သိရသည်။

ငွေရေးကြေးရေး အခက်အခဲ ရှိနေဟန်ရှိသော အဆိုပါ အသက် ၅၀ ခန့်ရှိ သံဃာတော်မှာ မိမိလည်ပင်းကို ဓားဖြင့်လှီး၍ အဆုံးစီရင်ရန် ကြံစည်ခြင်းဖြစ်ပြီး သူ့ကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု အေပီ သတင်းတရပ်တွင် ပါရှိသည်။ဘွဲ့အမည်ကိုလည်း မသိရသေးသော ထိုသံဃာတော်မှာ ရန်ကုန်သို့ နယ်မှ လာရောက်ဆေးကုသနေသူ ဖြစ်ပြီး ငွေပြတ်လပ်မှုများကြောင့် စိတ်ညစ်၍ မိမိကိုယ်ကို အဆုံး စီရင်ခြင်းဖြစ်သည်ဟု ပြောကြောင်း မျက်မြင်များ၏ ပြောပြချက်ကို အဆိုပါ သတင်းက ကိုးကား ဖော်ပြထားသည်။ ယခု ထိုသံဃာတော် အခြေအနေမှာ တည်ငြိမ်သော အနေထားကို ပြန်ရောက်နေပြီဟု ရွှေတိဂုံ ဘုရား ဂေါပကများက ပြောသည်ဟု ဆိုသည်။ရန်ကုန်ဆေးရုံကြီးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ရှိသူများက တစုံတရာ ပြန်လည် ဖြေဆိုခြင်း မရှိ၍ အသေးစိတ် အခြေအနေကို မဇ္ဈိမမှ မထုတ်ပြန်နိုင်သေးပါ။ ရွှေတိဂုံရင်ပြင်ပေါ်၌ ယခုကဲ့သို့ မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှာ ဒုတိယ အကြိမ် ဖြစ်သည်။ ပြီးခဲ့သည့် မတ်လအတွင်းကလည်း ကျော်ဇင်နိုင် (၂၆) နှစ်သည် စစ်အစိုးရ ကျဆုံးပါစေဟု ကြွေးကြော်ပြီး မိမိကိုယ်ကို မီးရှို့ခဲ့သေးသည်။ သူသည် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ပြီး ၁ လခန့် အကြာတွင် မီးလောင်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။

Tuesday, January 15, 2008

What is Myanmar Solider?

မြန်မာ စစ်သားဆိုသည်မှာ

တချိန်တုံးက မြန်မာ့ တပ်မတော် သည် ဂုဏ်ယူစရာကောင်းခဲ့သည်။ စစ်သားများကိုကြည့် ရသည်မှာ ကြက်သရေအလွန် ရှိသည်။ ယုံကြည်ရလောက်သည်။ သူတို့ ရဲ့ ပြတ်သားတဲ့ခံယူချက်များသည် မျက်နာပေါ်အထင်းသားပေါ်နေသည်။
ဘာလုပ်နေလည်း ပြည်သူအတွက်ပဲ ဟုကြွေးကြော်သံသည်။ အလွန် အားကျစရာကောင်းသည်။

သို့ သော် ၁၉၈၈ခုနစ်နောက်ပိုင်း မြန်မာတပ်မတော်သည် အလွန် စိတ်ပျက်စရာကောင်းသည်။
မြန်မာစစ်သား ဆိုသည်မှာ

၁- ပညာမဲ့  သူ
၂- အလွန်တရာဆင်းရဲ လှတဲ့မိသားစုမှပေါက်ပွားလာသူ
၃- အဟိတရိစ္ဆာန် စိတ်ဓါတ်ရှိသူ
( အမှားမအမှန်ကိုခွဲခြမ်းစိတ်ဖြာနိင်စွမ်းမရှိပဲ အထက်ကအမိန့် ပေးလျင်မိဘကိုရောကိုယ်သားသမီးကိုပါသတ်ဖြတ် ပေးမည့် သူများ )

၎- အလွန်သူရဲဘော်ကြောင်ပြီး အလွန် ကြောက်တတ် တဲ့ အခြောက် စိတ်ရှိသူကို မြန်မာ စစ်သားဟုခေါ်ပါသည်။

စစ်သား၊ စစ်ဗိုလ်၊ ဗိုလ်မှုး၊ ဗိုလ်မှုးကြီး ၊ ဗိုလ်ချုပ်စသည်တို့ အားလုံး အထက်ပါ စိတ်ဓါတ်ရှိသူများဖြစ်နေကြပါသည်။

Sunday, January 13, 2008

့ မြန်မာ စစ်သား များ ဘလောက်မှာ ကြိုဆိုပါတယ်။