Tuesday, January 15, 2008

What is Myanmar Solider?

မြန်မာ စစ်သားဆိုသည်မှာ

တချိန်တုံးက မြန်မာ့ တပ်မတော် သည် ဂုဏ်ယူစရာကောင်းခဲ့သည်။ စစ်သားများကိုကြည့် ရသည်မှာ ကြက်သရေအလွန် ရှိသည်။ ယုံကြည်ရလောက်သည်။ သူတို့ ရဲ့ ပြတ်သားတဲ့ခံယူချက်များသည် မျက်နာပေါ်အထင်းသားပေါ်နေသည်။
ဘာလုပ်နေလည်း ပြည်သူအတွက်ပဲ ဟုကြွေးကြော်သံသည်။ အလွန် အားကျစရာကောင်းသည်။

သို့ သော် ၁၉၈၈ခုနစ်နောက်ပိုင်း မြန်မာတပ်မတော်သည် အလွန် စိတ်ပျက်စရာကောင်းသည်။
မြန်မာစစ်သား ဆိုသည်မှာ

၁- ပညာမဲ့  သူ
၂- အလွန်တရာဆင်းရဲ လှတဲ့မိသားစုမှပေါက်ပွားလာသူ
၃- အဟိတရိစ္ဆာန် စိတ်ဓါတ်ရှိသူ
( အမှားမအမှန်ကိုခွဲခြမ်းစိတ်ဖြာနိင်စွမ်းမရှိပဲ အထက်ကအမိန့် ပေးလျင်မိဘကိုရောကိုယ်သားသမီးကိုပါသတ်ဖြတ် ပေးမည့် သူများ )

၎- အလွန်သူရဲဘော်ကြောင်ပြီး အလွန် ကြောက်တတ် တဲ့ အခြောက် စိတ်ရှိသူကို မြန်မာ စစ်သားဟုခေါ်ပါသည်။

စစ်သား၊ စစ်ဗိုလ်၊ ဗိုလ်မှုး၊ ဗိုလ်မှုးကြီး ၊ ဗိုလ်ချုပ်စသည်တို့ အားလုံး အထက်ပါ စိတ်ဓါတ်ရှိသူများဖြစ်နေကြပါသည်။

1 comment:

Unknown said...

ဇလဲရှိပါတယ်... ဇွဲလဲရှိပါတယ်... ပညာလဲတတ်ပါတယ်... အကုန်လုံးသိတယ်တတ်တယ်တော့လည်းမဟုတ်ပါဘူးခင်ဗျာ... ဒါပေမဲ့ လူတိုင်းစစ်သားတိုင်းသိမ်းကြုံးမပြောစေချင်ပါ... နေရာတိုင်းအကောင်းနှင့်အဆိုးဒွန်တွဲနေပါတယ်... ကောင်းတဲ့သူတွေစစ်သားစိတ်ရှိတဲ့သူတွေယနေ့လက်ရှိတပ်မတော်မှာလဲတစ်ပုံကြီးရှိနေပါသေးတယ်.. သိမ်းကြုံးပြီးဝါးလုံးရှည်နဲ့မရမ်းကြစေလိုပါ... စစ်သားဆိုတာ အမိန့်တစ်ခု၊ ညွှန်ကြားချက်တစ်ခုပေါ်မှာလှုပ်ရှားရတဲ့လူပါ... ဒါကြောင့်မို့ အမိန့်ပေးတဲ့လူရဲ့ပေါ်လစီကိုလိုက်ပြီးလုပ်ကြတာဖြစ်ပါတယ်... စစ်မိန့်နာခံမှုရှိမှာသာလျှင်လည်းစစ်သားကောင်းတစ်ဦးဖြစ်မှာဖြစ်ပါတယ်... ဒါကိုစစ်သားတွေမကောင်းဘူးလို့သိမ်းကြုံးဟစ်အော်မနေစေချင်ပါ... ဒါကိုသိစေလိုပါတယ်... စစ်သားဆိုတာလဲပဲ ပြည်သူထဲကပေါက်ပွားလာတဲ့ပြည်သူ့သားများဖြစ်ပါတယ်... ဒီတော့ တစ်ဦးတစ်ယောက်ကိုရည်ညွှန်းတိုက်ခိုက်လိုလျှင်တိုက်ခိုက်ပါ... မနာပါဘူး.. အနေသာကြီးပါ... သို့သော်သိမ်းကြုံးမကိုင်တုတ်စေလိုပါ... ကောင်းတဲ့သူများစစ်စည်းကမ်းအတိုင်းလိုက်ပါလုပ်ဆောင်နေသူများကိုအားနာဖို့ကောင်းပါသည်...
ဒါကိုသိစေအပ်ပါသည်....ဒါလေးတော့နားလည်ပေးကြပါ... သူ့ဘဝသူ့ကုသိုလ်၊ အကုသိုလ်နှင့်စစ်သားဖြစ်လာကြတာလဲရှိပါတယ်... နိုင်ငံတစ်ခုမှာတပ်မတော်မရှိလို့လဲမရဘူးခင်ဗျ... ရှိကိုရှိရမှာဖြစ်ပါတယ်... အင်း.. ဒါပေမဲ့ အရည်အချင်းပြည့်ဝတဲ့တပ်မတော်သားတွေလဲလိုအပ်ပါတယ်... လက်ရှိတပ်မတော်မှာအားလုံးမကောင်းသိမ်းကြုံးမပြောစေလိုပါ... အရည်ချင်းရှိသူတွေထူးချွန်ထက်မြက်သူတွေလဲတစ်ပုံတစ်ပင်ကြီးရှိနေပါတယ်ဆိုတာသိစေအပ်ပါတယ်...
တစ်ဦးတစ်ယောက်ကိုမုန်းတီးမှုတစ်ခုအတွက် တပ်မတော်ဆိုတဲ့စကားလုံးကိုသုံးသုံးပြီးမစတေးစေချင်ပါဘူး... ကျွန်တော်တို့လဲပျော်လွန်းလို့ခုလိုရုရှားမှာပညာလာသင်နေတာမျိုးမဟုတ်ပါဘူး... ဒါဟာကို့အရည်ချင်းအလိုက်.. အရည်အသွေးအလိုက်ပါဘဲ... ပြီးတော့အမိန့်ဘဲလေ... တာဝန်တစ်ရပ်ပါ... ရုရှားမှာလာစာသင်နေလို့ကြူနေတယ်မထင်ပါနဲ့.. ပွဲပျက်မှုတွေခက်ခဲပင်ပန်းမှုတွေလဲနေရာဒေသလိုက်ရှိနေပါတယ်... ဥပမာပြောတာပါ.... ဒီတော့ လိုအပ်ရင်လိုအပ်သလိုအမိန့်ပေါ်မှာလှုပ်ရှားရတာ စစ်သားပါ... ဒီတော့ မှန်ကန်တိကျတဲ့အမိန့်နှင့်မှားတဲ့လမ်းစဉ်နဲ့အမိန့်ရယ်လို့ခွဲနေလို့မရပါဘူး... ပေးတဲ့လူအပေါ်မှာဘဲမူတည်နေပါတယ်... ကျွန်တော်တို့တော့လုပ်ဆိုရင် စစ်သားစိတ်အပြည့်နဲ့လုပ်ချင်သည်ဖြစ်စေမလုပ်ချင်သည်ဖြစ်စေလုပ်ကြရမှာဖြစ်ပါတယ်.... ဒီတော့ဟာဆိုရင် သိမ်းကြုံးမကိုင်တုတ်ပါနဲ့... ကျွန်တော်တို့နိုင်ငံတော်အတွက်စွန့်စားနေတာ၊ နိုင်ငံတောင်အတွက်ပညာတွေသယ်ဆောင်ပေးနေတာ.. တပ်မတော်အတွက်အဆင့်တန်းမြင့်တဲ့တပ်မတော်တစ်ရပ်ဖြစ်လာအောင်ကြိုးပမ်းနေတာအားလျှော့လာအောင်မလုပ်စေလိုပါ... ဒါပါဘဲ... အမြင်မှန် စနစ်မှန် လမ်းမှန် မျက်လုံးမှန် အပြုံးမှန်မှန်နဲ့ကြည့်တတ်မြင်တတ်စေလိုပါတယ်... ပညာတတ်တွေရေးကြတယ်ဆိုလျှင်လဲပညာတတ်ပီပီစကားကိုလှပစွာနှင့် စီလျှော်စွာပြောပေးကြပါ... ဒီဘလော့ဂ်ကိုဖန်တီးတဲ့ဘလော့ဂ်ဂါအနေနဲ့လည်းဒါလေးတွေကိုတော့နားလည်မှုရှိစွာသတိပေးစေလိုပါတယ်... လုပ်ပါ.. မပြောပါဘူး... နိုင်ငံရေး... Personal ရေးတွေပြောချင်ရာပြောကြပါ... ကျွန်တော်တို့ကကို့လစာကိုစားပြီး ကို့ပညာကိုသင်နေတာအနေသာကြီးပါ... ဒါပေမဲ့... တပ်မတော်တစ်ခုလုံးသိမ်းကြုံးမတိုက်ခိုက်စေလိုပါ... နောင်တစ်ချိန် ကျွန်တော်တို့ထဲကနာတတ်တဲ့လူကောင်းတွေများ လူတော်တွေများ အကြီးကဲဖြစ်ခဲ့ရင် အသင်တို့ထပ်ပြီးအနေစားမချောင်မှာစိုးလို့ပါ... ဒါကိုသတိပေးချင်တာပါဘဲ... ကျွန်တော်ကတော့မေတ္တာဘဲပို့ပါတယ်... အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ...



ဗိုလ်ကြီး-ဇွဲထစ်ချုန်း
ခေတ္တ-ရုရှား
ကာလုဂါမြို့
ရိုမန်ဒါနော့ဗ်စကီးသဘိုးရီးကီရပ်ကွက်