ချိုကျိုးနွားလား ဒွန်းစဏ္ဍား နဲ့ ခေတ်သစ်လောက်ဖျားများ
လောက်ဖျားဆိုလို့ မွန်ရာဇဝင်လာ
မြောင်းမြစား လောက်ဖျားအကြောင်း ပြောမလို့မဟုတ်ပါ။ သစ္စာဖောက်လောက်ကောင်လို့
တင်စားခဲ့ရတဲ့ လောက်တွေတောင် ကြားရင် ဖြုံသွား၊ ဖျားသွား လောက်တဲ့ ကျုပ်တို့
တော်လှန်ရေးထဲက ဖောက်ပြန်နိုင်လွန်း၊ စားဝါးနိုင်လွန်း၊ ကိုယ်မှီခိုရာကို
ကိုယ်ဖျက်ဆီးနိုင်လွန်း တဲ့ လောက်ဖျားတွေအကြောင်း ပြောမလို့ပါ။
ဗမာစကားမှာ “ငါးပိနဲ့ လောက် စိန်နဲ့ ကျောက်”လို့ ဆိုရိုးစကားတခုရှိတယ်။
အကောင်းထဲမှာ အဆိုး၊ အဆိုးထဲမှာ အကောင်းရှိတတ်တာကို ရည်ညွန်းပြီး ဆိုတာပါ။ အဆိုးနဲ့အကောင်း
ဒွန်တွဲ ရှိတတ်တဲ့ လောကဓမ္မ သဘာဝကို ဖော်ပြတာလို့လည်း ပြောနိုင်ပါတယ်။